Thursday, May 1, 2014

Google ၏ မောင်းသူမဲ့ မော်တော်ယာဉ်များ လမ်းမပေါ်တွင် စမ်းသပ်မောင်းနှင်


နယူးယောက် ၊ ၃၀-၄-၂၀၁၄

Google က ပရိုဂရမ် ရေးဆွဲ ထုတ်လုပ်သော မောင်းသူမဲ့ မော်တော်ယာဉ် များကို ယခုအခါ ကားလမ်းမကြီး များတွင် စမ်းသပ် မောင်းနှင်ကာ ယာဉ် ၊ လမ်းအန္တရာယ် မည်ရွေ့ မည်မျှ ကင်းရှင်းနိုင် သည်ကို မှတ်တမ်းတင် လေ့လာခဲ့ရာ မဆင်မခြင် လမ်းဖြတ်ကူး သူများ ၊ စက်ဘီး ၊ ဆိုင်ကယ် တို့ကို မြွေလိမ် မြွေကောက် စီးနင်း ကြသူများကို အောင်မြင် စွာ ရှောင်ကွင်း ကာ ဘေးကင်းစွာ မောင်းနှင် နိုင်ပြီ ဖြစ်သည့်အတွက် မောင်းသူမဲ့ မော်တော်ယာဉ် များကို မကြာမီ ဈေးကွက်တွင် ရောင်းချ သွားတာ့မည် ဖြစ်ကြောင်း သိရသည်။

မောင်းသူမဲ့ မော်တော်ယာဉ်များ ကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသူ များမှာ Google တစ်ဦးတည်း မဟုတ်ဘဲ Silicon Valley နှင့် အခြား နာမည်ကြီး နည်းပညာ ကုမ္ပဏီများ ပါဝင်ပြီး ၂၀၁၇ ခုနှစ်အမီ ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိရာ Google က လက်ဦးမှု ရယူနိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သမားရိုးကျ ကားထုတ်လုပ်ရေး နည်းပညာ ကုမ္ပဏီများက အလိုအလျှောက် အရှိန်မြင့် ၊ အရှိန်သတ် ၊ ဘရိတ်ဖမ်း စနစ်များ ၊ မီးပွိုင့်ဖတ် စနစ်များ ၊ ယာဉ်ကြော ရွေးချယ်စနစ် များကို ရှာကြံနေဆဲ အချိန်တွင် Google က မောင်းသူမဲ့ ကားများကို လမ်းမပေါ်တွင် စမ်းသပ် မောင်းနှင်နေပြီ ဖြစ်သည့်အတွက် ကားထုတ်လုပ်ရေး အသိုင်းအ၀ိုင်း က ချီးကျူး လိုက်သော်လည်း မော်တော်ယာဉ် နှင့် အလိုအလျှောက် လမ်းကြောင်းရှာ စနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ် အလက်ဇန်းဒါး ကမူ မောင်းသူမဲ့ ကားများကို ဈေးကွက်သို့ တင်ပို့နိုင်ရန် မှာ အချိန်ယူ ရဦးမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်ထက် စောပြီး အများပြည်သူသုံး ကားလမ်းမကြီး များတွင် အသုံးပြုရန် မဖြစ်နိုင် ဟု ဆိုသည်။

" လူသား အထောက်အကူ မလိုအပ်ဘဲ ကားလမ်းတွေ ပေါ်မှာ အလိုလျှောက် သွားလာနိုင်မယ့် မောင်းသူမဲ့ကား တွေ ထုတ်လုပ်နိုင်ဖို့ အလွန်ပဲ နီးစပ် နေပါပြီ ၊ စက်ဆိုတာ လူသားတွေထက် ပိုပြီး တိကျတာမို့ ယာဉ် လမ်း အန္တရာယ် တွေကို သိသာစွာ လျော့ချ သွားနိုင်မှာပါ ... " ဟု မောင်းသူမဲ့ ကားထုတ်လုပ်ရေး စီမံချက် ဒါရိုက်တာ ခရစ်အမ်ဆင် က Google ဘလော့ စာမျက်နှာတွင် ရေးသား ဖော်ပြ ထားသည်။ ကနဦးပိုင်းတွင် မောင်းသူမဲ့ ကားများတွင် ယာဉ်မောင်းများ လိုက်ပါမည် ဖြစ်ပြီး မော်တော်ယာဉ် ကွန်ပျူတာ ထိန်းချုပ် စနစ်တွင် တစ်စုံတစ်ရာ လွဲချော်မှု ရှိခဲ့ပါက ယာဉ်မောင်း များက ချက်ချင်း ထိန်းသိမ်း နိုင်ရန် စီစဉ် ထားရှိသည်။ ကွန်ပျူတာ ထိန်းချုပ်စနစ် အဆင်ပြေ ချောမွေ့ နေပါက ယာဉ်မောင်းများ အဖို့ ကားလိုက်စီးရင်း စိတ်ကူးယဉ်ခြင်း ၊ စာဖတ်ခြင်း ၊ အိပ်စက်ခြင်း ၊ အလုပ်လုပ်ခြင်း တို့ကို အေးဆေးစွာ လုပ်ကိုင် နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
( YYT)

Yadanarpondaily

အဆင်ပြေပါစေ..

wai yan mobile app

အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

No comments:

Post a Comment