Tuesday, April 29, 2014




ကျွန်တော် Marilyn Monroe ကိုမရင်းနှီးပါဘူး...ကြားဖူးရုံကလွဲလို့ပေါ့..ဒါပေမယ့်...
ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့ အချိန်မှာတော့...
ကွယ်လွန်ခဲ့တာ ဆယ်စုနှစ်ငါးခု ကျော်တာတောင်မှ ၂ဝ ရာစုရဲ့အထင်ရှားဆုံး သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ် အဖြစ်သူမကို စိတ်ဝင်စားကြတဲ့ အဟုန်လျော့မသွားရတဲ့ အကြောင်းအရင်းကိုသိရပါတော့တယ်...
သူမကို သရုပ်ဆောင်တစ်ယောက်ဆိုတာထက် ပါရမီရှင်တစ်ဦးအဖြစ် ပိုမြင်ကြတာ အဆန်း တော့မဟုတ်ပါဘူး........
သူမဟာ တကယ့်ကို သရုပ်ဆောင်တစ်ဦးဖြစ်ဖို့မွေးဖွားလာသလားလို့ထင်ရလောက်အောင်သရုပ်ဆောင်ရာမှာ
ဆွဲဆောင်အားကောင်းလှပါတယ်...ပရိသတ်တွေ ရူးရူးမူးမူးကြိုက်ခဲ့ကြတာ မလွန်ပါဘူး....
တခြားအလှပဂေးမင်းသမီးတွေနဲ့အတူ သရုပ်ဆောင်တဲ့အခါတွေမှာလည်း အလှတွေ တူနေရင်တောင် သူမရဲ့စန်းကပဲ သူမကို ပိုထင်ပေါ် စေခဲ့ပါတယ်...
သူမ ဝတ်လေ့ရှိ တဲ့ မလုံ့တလုံ၊ ခပ်ပါးပါး ဒီဇိုင်းတွေဟာ ပုံမှန်အား ဖြင့် ဆင်ဆာက ခွင့်ပြုလေ့ မရှိတတ်တာမျိုးတွေပါ။ ဒါပေမဲ့ ဆင်ဆာအဖွဲ့ ကတောင် ခေါင်းညိတ် ရလောက်အောင် မွန်ရိုးက အစွမ်းထက်ခဲ့ပါတယ်။ ဒါကြောင့်လဲ သူ့ဖက်ရှင်တွေက ခုထိကို မရိုးနိုင် သေးဘဲ သူ့သင်္ကေတတွေနဲ့ ဘာဘီရုပ်တွေဟာ ထွက်ပေါ်နေတုန်းပါ.........
The Seven Year Itch ဇာတ်ကားကတော့ မွန်ရိုး နာမည်ကြီးခဲ့တဲ့ဇာတ်ကားပါ...
ဇာတ်လမ်းလေးက ဟာသဆန်ဆန် ပညာပေးဇာတ်ကားဖြစ်ပေမယ့် ဇာတ်လမ်းရော...တင်ဆက်ပုံရော...သရုပ်ဆောင်ပိုင်းရော
ဘာမှပြောစရာမလိုတဲ့ IMDb Rating (7.3) ရရှိထားတဲ့ဇာတ်ကားပါ..
လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်လောက်က ဇာတ်ကားဖြစ်ပေမယ့်
ကျွန်တော် Quality ကောင်းကောင်းကိုရှာပြီးတင်ပေးထားလို့ ကြည်ကြည်လင်လင်
ကြည့်ရမှာပါ...ကြည့်ကိုကြည့်ရမယ့်ဇာတ်ကားလို့ညွှန်းချင်ပါတယ်...
(အိမ်ထောင်သည်ညီအစ်ကိုများကတော့ မဟေသီတွေနဲ့ တူတူကြည့်ရင်
ဗိုက်ခေါက်ဆွဲလိမ်ခံရမယ့် ဇာတ်ကားလို့ ကြိုတင်အသိပေးပါရစေခင်ဗျာ...)

Zip File size...600MB
Quality....အကြည်
Format...mkv
hour....01:44:24
subtitle....မြန်မာစာတန်းထိုး

Download Zip File

No comments:

Post a Comment